ကလဲ့စား အချစ်
ကလဲ့စား အချစ် လေးပင်နေသောစိတ်နှင့်အတူ နောင်နောင်တစ်ယောက် ခုံတန်းလေးမှာထိုင်နေသည်။ မန္တလေးသို့ ပြန်ရမည့်အချိန်က စောနေသေးသည်။ ကားထွက်ချိန်က မတိုင်သေး။ တစ်နာရီခန့် လိုနေသေးသည်။ တောင်စဉ်ရေမရ တွေးနေသောအတွေးများထဲတွင် စောနန်းငယ် အကြောင်းက ထိပ်ဆုံးက ပါသည်။ သူမှားများမှားသွားပြီလားလို့ စဉ်းစားနေသည်။ တကယ်တော့ စောနန်းငယ်က မြေစာပင်ဖြစ်ရခြင်းသာ။ စောနန်းငယ်ကို သနားမိသော်လည်း […]