ကျွန်း
ကျွန်း(စ/ဆုံး) ရုတ်တရက်မြင်လိုက်ရသည့် မြင်ကွင်းကြောင့် နေခြည်မှင်သက်သွားမိသည်။ဒီကျွန်းပေါ်ကို သဘောင်္မုန်တိုင်းမိပြီး အသက်ကယ်လှေလေးတစ်စင်းနှင့် ရောက်နေခဲ့သည်မှာတစ်ပတ်လောက်ရှိပြီဖြစ်သည်။သက်ရှိလူသားတစ်ယောက်မှမတွေ့ခဲ့။ အခုတော့ ကပ္ပလီတစ်ယောက်လို မည်းနက်နေသည့်အသားအရေနှင့် လူထွားကြီးနှစ်ယောက်ကိုမျက်ဝါးထင်ထင်တွေ့နေရသည်။ ညဘက်မို့ တောခြောက်တာလားလို့တောင်ထင်ရသည်။ နေခြည် ငယ်ငယ်ကကြားဖူးသည့် လူမနေသည့်ကျွန်းတွေပေါ်မှာခြောက်လှန့်တတ်သည့် နာနာဘာဝတွေများလားလို့တွေးမိပြီး ကြောက်ကြောက်နှင့် အနားကမီးပုံထဲက မီးတုတ်တစ်ချောင်းကိုအသင့်ကောက်ကိုင်လိုက်သည်။နာနာဘာဝတွေ ကမီးကြောက် တတ်သည် ကြားဖူးနားဝရှိသောကြောင့် လုပ်မိလုပ်ရာလုပ်လိုက်ခြင်းဖြစ်သည်။သို့ပေမဲ့ ထိုလူထူးဆန်းနှစ်ယောက်ကတော့ […]