မှော်ဆန်တဲ့အချစ် ကျွန်တော်က အားရင်အားသလို ရွားဦးဘုန်းကြီးကျောင်းက ခရေပင်ကြီးကို ဝန်းရံထားတဲ့ ကွပ်ပျစ်လေးပေါ်မှာ သွားပြီးနေလေ့ရှိပါတယ်။ဘုန်းကြီးကျောင်းဆိုတာ နိမ့်မြင့်မရွေး လက်ခံပေးနေတဲ့နေရာဆိုတော့ စဏ္ဍာလ လို့ခေါ်တဲ့တောင်းစားတဲ့သူတွေလာရင်လည်း အဲဒီဘုန်းကြီးကျောင်းမှာ လာရောက်တည်းခိုလေ့ရှိတယ်။ကျွန်တော်က ကွပ်ပျစ်ပေါ်မှာနေရင် သူတို့က. ကွပ်ပျစ်နားက ဇရပ်ပေါ်မှာနေကြပြီး ချက်ပြုတ်စားသောက်နေကြတယ်။တစ်ရက်မှာတော့ ကျွန်တော်ရယ် သူငယ်ချင်းသုံးလေးယောက်ရယ် ကွပ်ပျစ်ပေါ်ထိုင်နေတုန်းမှာပဲ “ညီလေးတို့…ဆေးလိပ်လေးမပါဘူးလား”ဆိုတဲ့အသံနဲ့အတူ စဏ္ဍာလကြီးတစ်ယောက်က ဆေးလိပ်လာတောင်းတယ်။”လာဘ်သိပ် လိုက်တာကွာ””မပါဘူး ဗျာ ပါလည်းမတိုက်ဘူး”အသံမျိုးစုံနဲ့အတူ နှာခေါင်းရှုံ့သူကရှုံ့ပြီး ကျွန်တော့်သူငယ်ချင်းတွေထထွက်သွားကြပါတယ်။ကျွန်တော်လည်း သူ့မျက်နှာကြည့်ပြီးသနားသွားတာနဲ့ “ဦးလေး…ဆေးလိပ်အရမ်းသောက်ချင်နေလား”လို့မေးလိုက်တော့ ခေါင်းငြိမ့်ပြပါတယ်။ ”အဲဒါဆို ခဏစောင့် ကျွန်တော့်မှာတော့မပါသေးဘူး ဝယ်လာပေးမယ်”လို့ပြောလိုက်တော့ “ပိုက်ဆံယူသွားလေ…ဦးတို့ဆိုရင် ဆိုင်တွေကမရောင်းချင်သလိုနှင်ထုတ်ကြတယ် အဲဒါကြောင့်မဝယ်ရဲလို့ပါ” လို့ပြောလာတော့ “ရပါတယ် ကျွန်တော် ဝယ်တိုက်ပါ့မယ်”ပြောပြီးထွက်လာခဲ့ပါတယ်။ဈေးဆိုင်ရောက်တော့ ရွှေရောင် ရူဗီဘူးလေးတစ်ဘူးဝယ်တော့ ဆိုင်ကအစ်မကြီးက”ဟဲ့ကောင်လေး နင်သောက်မလို့ဆိုမရောင်းဘူးနော် အိမ်တိုင်လိုက်မယ်”လို့ပြောနေလို့ “ဧည့်သည်တိုက်ဖို့ပါ”လို့ မနည်းပြောပြီးဝယ်လာခဲ့ရပါတယ်။ဘုန်းကြီးကျောင်းပြန်ရောက်တော့ စဏ္ဍာလကြီးကိုဆေးလိပ်ဘူးပေးလိုက်တာ အငမ်းမရဖွင့်သောက်ပါတော့တယ် “ကျေးဇူးပဲကွာ အရမ်းသောက်ချင်နေတာ”လို့ပြောတော့…