ပြည့်ကျပ်နေတာပဲ မ… နောက်တစ်ခါ ဒီလိုမျိုး မဖြစ်စေရပါဘူးနော်… မောင်အာမခံပါတယ်… မောင်အဲ့ဒီနေ့က စိတ်တွေညစ်နေလို့ အသီးနဲနဲကြူးလိုက်မိလို့.. ဒီလိုဖြစ်သွားတာ.. နောက်တစ်ခါ မဖြစ်စေရပါဘူးနော်..မ ဆုလဲ့ဝေတစ်ယောက် အင်းယားကန် ရေပြင်ကိုသာ ကြည့်နေသည်။ သူမ၏ဘေးမှ တတွတ်တွတ်ပြောနေသော မင်းခန့်အား မသိချင်ယောင်ဆောင်ကာ ကန်ရေပြင်ကို ငေးနေခြင်းဖြစ်သည်။ သို့သော် မင်းခန့်ထံမှ နောက်ထပ် များ ဘာစကားတွေနဲ့ ထပ်တောင်းပန်မလဲဆိုတာ သိချင်နေမိသဖြင့် နားစွင့်ထားလေသည်။ “ မ…အရမ်းပဲ ချစ်တယ်…သိလား…” မင်းခန့်က ဆုလဲ့ဝေအနားကို ကပ်၍ ခပ်တိုးတိုး ပြောလိုက်သည်။မင်းခန့်ထံမှအသက်ရှု၍ မှုတ်ထုတ်လိုက် သော လေများသည် ဆုလဲ့ဝေ၏ နားသယ်အစပ်နားသို့ ထိမိသဖြင့် ဆုလဲ့ဝေတွန့်သွားသည်။ မင်းခန့်မှာလဲ ဆုလဲ့ဝေအနား သို့တိုး၍ စကားပြောလိုက်သဖြင့် ဆုလဲ့ဝေ၏ ကိုယ်သင်းနံ့လေးများကြောင့်။ သားကောင်၏ အနံ့ရသော မုဆိုးနှယ် ရင်ထဲတွင်ထိန်းကနဲဖြစ်ကာ…