နောက်မီး ဖြာသူများ ကျနော့်ဇနီဖြစ်သူ အစောနှင့် တွေဆုံရခြင်းမှာ အတော်ကလေး ထူးသည်တော့မဟုတ်ပါ။ကျနော်မြို့ဖက်သွားလေတိုင်း အစောတို့ရွာကလေးကို ခဏတဖြုတ်လောက်တော့ဝင်ပြီး အမောအပန်းဖြေရသည်သာ ဖြစ်ပါသည်။ ထိုကဲ့သို့ အပန်းဖြေချင်စဖွယ်ဖြစ်ရခြင်းမှာလည်း အစောတို့ရွာဦးထိပ်တွင် ထန်းတောကြီးရှိသောကြောင့်ဖြစ်၏။ထိုထန်းတောအုပ်ကလေးတွင် ကျနော်နှင့် အစော နှဖူးစာဆုံခဲ့ရခြင်းဖြစ်၏။ တစ်နေ့တွင် ဈေးဝယ်ပြီးအပြန် ထန်ရည်အမူးလွန်ကာ အပြန်ခက်နေချိန်ဝယ် လှည်းမောင်းလာသည့်အစောက ကျနော့်အား သနားညှာတာစွားဖြင့် တင်ဆောင်ခဲ့ပါသည်။ အစောမှာ တစ်ခါတစ်ခါ ကျနော့်ထံကို ခေါင်းကလေး သမင်လည်ပြန်ကြည့်ပြီး ‘အင်း.. အခုထက်ထိ အမူးလည်း မပြေသေးဘူး၊ လူကထန်းရည်တမြမြပေမဲ့ လူကတော့ လူချောပါ.. အဟိ’ ဟု တယောက်ထဲပြောကာ ကြိတ်၍ရယ်မောလိုက်ပါသေးသည်။ တဖန် ကျနော်တကယ်ပင်အိပ်ပျော်သတိမရဖြစ်နေပြီဟုထင်နေသဖြင့် ကျနော်၏နဖူးများကို မသိမသာ စမ်းသပ်လိုက်ပြန်သေး၏။ကျနော်သည် သူ၏သဘောကို သိလိုသောကြောင့် အာ-အာ-အင်-အင်နှင့် ညီးညူရာက သူမ၏တင်ပါးကြီးကို ခေါင်းနဲ့တိုးယင်း ခါးကို သိမ်းဖက်ထားလိုက်ရာ…