ညီအစ်မနှစ်ယောက် ဩ…….ဟိုမှာ နံပါတ် ၈ လာနေပြီ…. လာသွားမယ် ဟုတ်တယ်လေ… ခေတ်ကြီးကိုက သုတ်သုတ်စား သုတ်သုတ်သွားမှ စကားကောင်းနေလို့ ကျွန်တော်တို့စီးရမယ့်ကားလာနေပြီ။ မပြတ်သေးတ့စဲ ကားကိုအတင်းဖြတ်ပြီး. … မှတ်တိုင်ကျော်ရပ်တဲ့ကားနောက်ကိုခွေးတစ်ကောင်လိုပြေးလိုက်ရတယ် မပြောချင်ပါဘူးဗျာ…မနက်နဲ့ ညနေဆို ကားစီးရတာလူနဲ့ကိုမတူဘူး…ခေတ်ကြပ်ကြီးထဲမှာကိုရွှေ စပါယ်ရာတွေကလည်းယဉ်ကျေးပါပေတယ်။ သင်တန်းဆင်းလာသလိုပါဘဲ။ ““ကဲ…လက်မှတ်ဝယ်ကြပါ….တစ်ကျပ်လေးနဲ့လက်မတို့ရစေနဲ့….ဟိုဘက်ကဘကြီးရှေ့တိုးပါ။ မကျေနပ်ရင်ရှေ့မှတ်တိုင်ဆင်းနေခဲ့။ရှေ့ကညီလေးပိုက်ဆံထုတ်ထားကွာ….တစ်ကျပ်လေးကို သူတောင်းစားလိုလိုက်တောင်းနေရတယ်”” ““ကားခပေးကြပါဗျ။”” အဲ့ဒါပဲကြည့်တော့….ကျွန်တော်လည်း အအော်ခံရမှာကြောက်တာနဲ့…တစ်ကျပ်ကို နှမြောတသစွာနဲ့ထုတ်ပေးလိုက်ရပါတယ်။ ““စံပြလား…စံပြ…ရှေ့ထကွ ်ထားကြပါခင်ဗျားတို့မေးနေတာ နဲ့မိုးလင်းတော့မှာပ။ဲ ရှေ့တိုးပါ…မှတ်တိုင်ပါတယ်ဆရာရေ”” အိုး .. စိတ်ညစ်စရာကောင်းလိုက်တာ…တက်ကြဆင်းကြနဲ့ ဒီလိုပဲနေ့တိုင်းကြုံနေရတော့…ဒီအချိန်ရောက်ရင်ရူးချင်တယ်… အဲဒီအချိန်မှာ ကျွန်တော့ကိုယိုင်ဆင်းသွားအောင် ကြိမ်ခြင်းကြီးနဲ့တိုက်ခံလိုက်ရပါတယ်။ စိတ်တိုတိုနဲ့ရန်တွေ့မယ်လုပ်တော့…လားလား…တော်တော်ချောတဲ့ကောင်မ လေးတစ်ယောက်ပဲ။ ““ပေး…ညီမ…ဒီခြင်းကြီးနဲ့ဆို ကားအလယ်ကောင်မှာ လူတွေဒုက်္ခရောက်နေမယ်။”” ကောင်မလေးက ကျေးဇူးတင်တဲ့အပြုံးနဲ့ ခြင်းတောင်းကိုကမ်းပေးလိုက်ပါတယ်။ ကားကလည်း ကြပ်သထက်ကြပ်လာတာမို့…ခြင်းတောင်းမရှိတော့တာနဲ့သူနဲ့ကျွန်တော်ဟာကော်နဲ့ကပ်ထားသလို ကပ်နေပါတယ်။ ကောင်မလေးကတော့အနေခက်ပုံပဲ။ ကျွန်တော်ကတော့ဘယ်လိုနေမယ်ထင်လဲ။ ကောင်မလေးက တောင့်တောင့်တင်းတင်းလေးဗျ။ ကြည့်ရတာပန်းရောင်းပုံပဲ။…