
စိတ်အတွက် အဟာရလေးများ
၁) တခါက လူတုံးလူအ တယောက်သည် ဈေးထဲတွင် လှည့်လည် ကျက်စားနေသည်။ လူများက သူ့အား နည်းအမျိုးမျိုးဖြင့် စနောက်ကြသည်။ လူတွေ အမြဲစနောက်သော နည်းတခုမှာ လက်ဖဝါးပေါ်တွင် ၅ကျပ်တန်နှင့် ၁၀ကျပ်တန်ကိုတင်ပြီး သူ့အား ရွေးယူစေသောနည်းဖြစ်သည်။ သူသည် အမြဲတမ်း ၅ကျပ်တန်ကိုသာ ရွေးယူခဲ့သည်။ လူများက သူ့အား တုံးအသောသူ၊ စိတ်မနှံသောသူ၊ ၅ကျပ်နှင့်၁၀ကျပ် မည်သည်က ပိုတန်ဖိုးရှိသည်ကို မသိသောသူဟု ထင်ပြီး ဝိုင်းလှောင်ကြသည်။ ဈေးထဲသို့ …