စိတ်ပါတဲ့အချိန် ဇော်ထွန်းနိုင်ဆိုတဲ့ကျနော်ကအခုတစ် ကောင်ကြွက်ဖြစ်နေပြီ။ငယ်ငယ်ကတည်းကအမေဆုံးတယ်။ကျောင်းပြီးတော့အဖေဆုံးပါးသွားပြန်တယ်။လူ့လောကအလယ်မှာတစ်ယောက်တည်းကျန်နေတယ်။ပျင်းရိစရာအရမ်းကောင်းတယ်။ဒါတောင်မှအဖေကနေစ ရာအခန်းလေးတခန်းပေးထားခဲ့ပြီးပညာ လေးတတ်အောင်ကျောင်းထားပေးခဲ့လို့ပါ။တကယ်တမ်း တစ်ယောက်တည်းသမားဆိုတာကအကွပ်မရှိတဲ့ကြမ်း ပရမ်းဗတာလို့ပြောပေမယ့်ကျနော်အဲဒီလိုမနေခဲ့ဘူး။ဘာလို့မနေတာလဲမေးရင်ကျနော်မိမဆုံးမဖမဆုံးမလို့အပြောမခံနိုင်တာ။တကယ်စဉ်းစားကြည့်ရင်မိဘမရှိတော့တဲ့ကျနော်ကိုအဲဒီလိုပြောရင်မှန်နေတာလေ။ဆုံးမပေးမယ့်မိဘမှမရှိတော့တာ။ ကျနော်သာဆိုးသွမ်းနေရင်ကျနော့်ဘဝကအချုပ်ထဲရောက်ရင်လည်းလာထုတ်ပေးမယ့်သူကမရှိဘူးလေ။အခုတော့ကျနော်လေတမလွန်ဘဝရောက်နေတဲ့မိဘတွေ စိတ်မပူစေရဖို့ဘဝကိုရိုးရိုးသားသားကြိုးစား ပြီးရပ်တည်တယ်။အဖေအမေတို့ဆုံးမခဲ့တဲ့ ရိုးသားမှု့ဂုဏ်ကတသက်စားမကုန်ဆိုတာကို လက်တွေ့ကြုံရတော့တယ်။ကျနော်မှာနေ ထိုင်ဖို့အိမ်ရှိတယ်။အဲဒီအတွက်စိတ်မပူရဘူး၊ ဒါပေမယ့်ငွေမရှိဘူး။ကုမ္ပဏီတစ်ခုမှာအလုပ်ဝင်ရင်းကခင်ခင်ငြိမ်းဆိုတဲ့မိန်းကလေးနှင့်တွေ့ကြတယ်။ခင်ခင်ငြိမ်းကလည်းနယ်ကပဲအဆောင်မှာနေရင်းအလုပ်လာလုပ်တာပါ။ တစ်ယောက်နှင့်တစ်ယောက်ဖေးမကူညီကြရင်းနီးစပ်လာခဲ့တယ်။ ကုမ္ပဏီကCEOကလည်းသဘောကျတယ်။ရိုးသားတဲ့အပြင်လုပ်ငန်းစီစဉ်တာကောင်းမွန်တဲ့အတွက်သူ ဌေးကလည်းချစ်တယ်။အစကတော့ ကျနော်ခင် ခင်ငြိမ်းအပေါ်ရိုးရိုးသားသားပဲခင်တယ်။စနောက်တာတော့ရှိတယ်။ခင်ငြိမ်းလဲဒီလိုပဲနေမှာပါ။ဒါပေမယ့်ခင်ငြိမ်းကကျနော့်အတွက်ဆိုရင်စေတနာပိုပါတယ်။ယောက်ကျားလေးကတစ်ယောက်တည်းဘဝဆိုတော့ကောင်းကောင်းချက်မစားနိုင်ဖြစ်သလိုပဲချက်ပြုတ်စားသောက်တတ်တာ။သူကတော့သူ့ဘာသာချက်ပြုတ်စားတတ်တဲ့အတွက်အမြဲပဲကျနော့်အတွက်ဟင်းပိုထည့်ခဲ့တယ်။”ခင်ငြိမ်း ဘာချ က်လာသလဲ” ကိုဇော် ကရောဘာချက်လာသလဲ” “ကြက်ဥကြော်ပဲ” ထင်သားပဲ” […]