ကျွန်တော်နဲ မမ
ကျွန်တော်နဲ မမ ကျွန်တော်အသက်နှစ်ဆယ်ကျော်လောက်တုန်းကပါ။အဖေ့ဘက်ကတူမတယောက်ဒီမှာကျောင်းလာတက်ချင်တယ်ဆိုတာနဲ့အဖေကအိမ်မှာပဲလာနေခိုင်းပြီးကျောင်းတက်စေလိုက်တယ်။အိမ်မှာကလဲလူဦးရေနည်းတော့အခန်းလွတ်တွေကအများ ကြီးလေ၊ ကျွန်တော်နဲ့ကဝမ်းကွဲမောင်နှမတွေဆိုပေမယ့်အနေစိမ်းတဲ့လူတွေချင်းအခုမှ တွေ့ကြတာဆိုတော့စိမ်းနေကြတယ်။ စကားလဲသိပ်မပြောဖြစ်ကြဘူး၊ရောက်စမှာပေါ့လေ။ သူကျောင်းစတက်ရတဲ့နေ့ရောက်လာတော့သူ့ကိုကျွန်တော့်ဆိုင်ကယ်နဲ့ကျောင်းကြို၊ ကျောင်းပို့လုပ်ပေးဖို့ အဖေကကျွန်တော့်ကိုခိုင်းတယ်။ အဲဒါနဲ့သူကျောင်းစတက်တဲ့နေ့ကစပြီးအကြို၊အပို့လုပ်ပေးနေရတော့တယောက်နဲ့တယေက်ကရင်းနှီးလာတယ်။ စကားအပြောဆိုလေးတွေကနေပြီးအစအနောက်လေးတွေရှိလာ တယ်။ အိမ်မှာကအဖေနဲ့အမေရယ်ကတခန်း၊ညီမလေးကတခန်း၊အိမ်အောက်ထပ်မှာနေကြတယ်။ကျွန်တော်ကတော့စစကတည်းကအိမ်ပေါ်ထပ်ကစိတ်ကြိုက်ရွေးထားတဲ့အခန်းလေးမှာ နေတာပေါ့။သူရောက်လာတော့အောက်ထပ်မှာအခန်းလဲမရှိတော့တာရယ်၊တယောက်တည်းလွတ်လွတ်လပ်လပ်နေလို့ရအောင်ဆိုပြီးရယ်အိမ်အပေါ်ထပ်မှာသူ့အတွက်တခန်းစီစဉ် ပေးတယ်ကျွန်တော့်အခန်းကိုသွားချင်ရင် သူ့အခန်းရှေ့ကဖြတ်ရတယ်။ တခါတလေတံခါးလေးဟနေတာမျိုးတွေ့တော့ တစေ့တစောင်းကြည့်မိတာမျိုးရှိတယ်ပေါ့။အခန်းထဲတော့ ့ကျွန်တော်မဝင်ပါဘူး။နောက်ပိုင်းရင်းနှီးလာတော့ကျွန်တော်အိမ်ပေါ်တက်လာချိန်မျိုး သူ့အခန်းဖွင့်ထားတာနဲ့တွေ့ရင် အခန်းထဲဝင်ပြီးစကားဝင်ပြောတာမျိုးရှိလာတယ်။ အေးဆေးပဲလေ။ အိမ်ကလူတွကလဲ သူနဲ့ကျွန်တော်မောင်နှမတွေဆိုတော့ဘာမှမဖြစ်လောက်ဘူးဆိုပြီး […]