ဧည့်သည်

June 30, 2021 admin 0

ဧည့်သည် တစ်ညလုံးသည်းသည်းမဲမဲရွာနေသောမိုးကားမိုးလင်းချိန်တွင်တော့တဖြည်းဖြည်းချင်းစဲသွားချေပြီ။ကလင်အိမ်အပေါ်ထပ်မှာ ပြတင်းတံခါးကိုဖွင့်နေသောဒေါ်ကေသီနွယ်ခြံစောင့်ကြီးဦးဘမောင်က ဧည့်သည်တစ်ယောက်ကိုတံခါးဖွင့်ပေးနေတာကိုလှမ်းမြင်နေရသည်။စောစောစီးစီးဘယ်သူများပါလိမ့်လို့တွေးမိသည်။ဦးဘမောင်ကဧည့်သည်ကိုသူမတို့တိုက်ကြီးဆီသို့ခေါ်လာပါတယ်။တဖြည်းဖြည်းနဲ့သူမတို့အိမ်ဘက်ကိုနီးလာသောအခါတွင်လည်းဧည့်သည်ကဦးထုပ်ဆောင်းထားသဖြင့်မျက်နှာကိုမမြင်ရသေး။ ခရီးဝေးမှလာခဲ့ဟန်တူသည်။မမလေး မမလေး ဧည့်သည်ရောက်နေပါတယ်။သူမအိမ်ဖော်မလေးချောချောက အပေါ်ထပ်တက်လာပြီးပြောပါတယ်။အေး သိတယ် လာခဲ့မယ် ဆိုပြီးသူမလည်း အိမ်အောက်ထပ်ကို ဆင်းခဲ့ပါတယ်။သူမဆင်းလာတာမြင်တော့ ဧည့်ခန်းမှာထိုင်နေတဲ့စောစောကခြံထဲကိုဝင်လာသောသူက ခေါင်းကိုမော့ကြည့်လိုက်ပါတယ်။ လူရွယ်တစ်ယောက်ပါ။ ၂၇ နှစ်ခန့်ရှိပြီးယောကျၤားချောချောသောသူတစ်ယောက်။တီရှပ်လက်ပြတ်အနက်ကိုဝတ်ထားသဖြင့်အသားဖြူခြင်းကိုပိုသိသာသည်။ အားကစားလိုက်စားသူတစ်ဦးမှန်း ထိုလူပုံစံကသက်သေခံနေသည်။အကြည့်များကစူးစိုက်ကာသူမရင်ထဲထိုးဖောက်သွားသလိုခံစားရသဖြင့် ဒေါ်ကေသီနွယ်မျက်လွာချထားလိုက်ရသည်။အမက မကေသီနွယ်ထင်တယ်။ကျွန်တော့်နာမည်က စစ်သွေးပါအမမောင်ကိုကိုလေးသူငယ်ချင်းပါ။ကိုကိုလေးနဲ့ကျွန်တော်က ရန်ကုန်မှာ တက္ကသိုလ်တက်တုန်းခင်ခဲ့ကြတာပါ။ကိုကိုလေးကလွန်ခဲ့တဲ့ […]