အရမ်းဆိုးတဲ့ မောင်

August 13, 2021 admin 0

အရမ်းဆိုးတဲ့ မောင် ဇော်ထွန်းနိုင်ဆိုတဲ့ကျနော်ကအခုတစ် ကောင်ကြွက်ဖြစ်နေပြီ။ငယ်ငယ်ကတည်းကအမေဆုံးတယ်။ကျောင်းပြီးတော့အဖေဆုံးပါးသွားပြန်တယ်။လူ့လောကအလယ်မှာတစ်ယောက်တည်းကျန်နေတယ်။ပျင်းရိစရာအရမ်းကောင်းတယ်။ဒါတောင်မှအဖေကနေစ ရာအခန်းလေးတခန်းပေးထားခဲ့ပြီးပညာ လေးတတ်အောင်ကျောင်းထားပေးခဲ့လို့ပါ။ ကျနော်မှာနေ ထိုင်ဖို့အိမ်ရှိတယ်။အဲဒီအတွက် စိတ်မပူရဘူး၊ ဒါပေမယ့်ငွေမရှိဘူး။ကုမ္ပဏီတစ်ခုမှာအလုပ်ဝင်ရင်းကခင်ခင်ငြိမ်းဆိုတဲ့မိန်းကလေးနှင့်တွေ့ကြတယ်။ခင်ခင်ငြိမ်းက လည်းနယ်ကပဲအဆောင်မှာနေရင်းအလုပ်လာလုပ်တာပါ။ တစ်ယောက်နှင့်တစ်ယောက်ဖေးမကူညီကြရင်းနီးစပ်လာခဲ့တယ်။ ကုမ္ပဏီကCEOကလည်းသဘောကျတယ်။ရိုးသားတဲ့အပြင်လုပ်ငန်းစီစဉ်တာကောင်းမွန်တဲ့အတွက်သူ ဌေးကလည်းချစ်တယ်။ အစကတော့ ကျနော်ခင် ခင်ငြိမ်းအပေါ်ရိုးရိုးသားသားပဲခင်တယ်။စနောက်တာတော့ရှိတယ်။ခင်ငြိမ်းလဲဒီလိုပဲနေမှာပါ။ဒါပေမယ့် ခင်ငြိမ်းကကျနော့်အတွက်ဆိုရင်စေတနာပိုပါတယ်။ယောက်ကျားလေးကတစ်ယောက်တည်းဘဝဆိုတော့ကောင်းကောင်းချက်မ စားနိုင်ဖြစ်သလိုပဲချက်ပြုတ်စားသောက်တတ်တာ။သူကတော့သူ့ဘာသာချက်ပြုတ်စားတတ်တဲ့အတွက်အမြဲပဲကျနော့်အတွက် ဟင်းပိုထည့်ခဲ့တယ်။”ခင်ငြိမ်း ဘာချ က်လာသလဲ” ကိုဇော် ကရောဘာချက်လာသလဲ” “ကြက်ဥကြော်ပဲ” […]