ကျွန်မ၏ ဘဝငရဲ

June 26, 2021 admin 0

ကျွန်မ၏ ဘဝငရဲ မိုးသီတဲ့ဟေ့………… တသီးတည်းရှိတယ်နော်… ခွပ်ခွပ် ခွပ်……မြင်းခွာသံများက.တဖြောင်းဖြောင်း..ရွာထိပ်..လမ်းမကြီးမှာလည်းဖုန်တလုံးလုံးနှင့်……သူကြီးရေ..ဗျို့သူကြီး..ရွာသားလေးတစ်ယောက်.သူကြီးအိမ်ရှေ့သို့.အပြေးအလွှားရောက်လာသည်…ဘာတွေဖြစ်လို့လဲဟ..ဓားမြဗိုက်.မိုးသီး..လာနေပီ..ဗျ.. ရွာသားလေး.မှာစကားပင်မဆုံးလိုက် သူကြီး.ခင်များတို့ရွာကို.တောင်းထားတဲ့ဆက်ကြေးဘယ်မှာလဲ..ဟု..မိုးသီး၏ပြောလိုက်သောအသံသည်။ သူကြီး၏ရင်ကိုဗလောင်ဆူသွားစေသည်။ ဒီနှစ်က.မိုးသည်းထန်ပြီးစပါးမတင်ချေ..ရွာတွင်စီးပွားရေးမကောင်း..မိုးသီးတို့ကိုပေးရန်ဆက်ကြေးကမလုံလောက်…ရွာသူရွာသာားများရှေ့မှောက်တွင်…..သူကြီး.ခင်ဗျားတို့ဆက်ကြေးမပေးနိုင်ဘူးလား…. မိုးသီးရယ်..ဒီနှစ်ငါတို့ရွာစီးပွားရေးအဆင်မပြေလို့ပါ..နောက်နှစ်ကျပေးပါ့မယ်ကွာ..´တောက်´ မလိုချင်ဘူးဗျာ..ခုမပေးရင်.ခင်များနဲ့ခင်များမိသားစုကို…ပြန်ပေးဆွဲသွားမယ်..နောက်..တစ်လအတွင်းခင်များရွာသူရွာသားတွေက..ဆက်ကြေးလာပေးရင်ပေးမပေးရင်.ခင်ဗျားတစ်မိသားစုလုံးကိုသတ်ပစ်မယ်… ကဲပြောရင်ကြာတယ်ဗျာ.ခုလိုက်ခဲ့..ဗိုလ်မိုးသီးသူကြီးမိသားစုကိုဖမ်းသွားပြီဟေ့…..ဆိုသောသတင်းသည်.ရွာအနှံ့ပြန့်နှံသွားလေတော့သည်။ဘယ်သူတွေပါသွားသေးလဲ..သူကြီး၊ သူကြီးကတော်.ဒေါ်ငွေခင်၊သမီးလေး..ခင်မှုံ.၊ သားလေး..ရွှေတိုး..ချွေးမလေး..ခင်ရီနဲ့.အိမ်ဖော်ကလေးမလေး……..ဒါးဒါးတို့..ပါသွားတယ်တဲ့တော်..ထိုသတင်းသည် ..ရွာတွင်.အတင်းအဖျင်းပြောလေ့ရှိသော.ဒေါ်ဘုမမှတဆင့်တရွာလုံးပျံနှံ့သွားလေတော့သည်။ တလပြည့်လို့မှ….ဆက်ကြေးလာမပေးရင်…သူတို့အားလုံးးကိုသတ်ပစ်မှာတဲ့………နိဒါန်းလေးကတော့.ဒီလောက်ပါပဲဗျာ..နောက်နေ့မှဆက်ကြစို့..ဘော်ဘော်တို့ရေ..ကျလိကျလိ….ဟူသော..ငှက်ငယ်လေးများ၏ တွန်ကျူးသံများက..ရိုးမတောကြီးထဲတွင်ပျံ့နှံ့နေသည်။ ထိုသို့သော.သာယာလှသော..သဘာဝအလှကိုဖျက်ဆီး..နေသော.အရာများကား လူတစ်စုကိုလက်နက်ကိုင်ဓားမြများမှ. ဖမ်းခေါ်လာခြင်းပင်။ မြန်မြန်သွားစမ်း…..စခန်းကိုရောက်ဖို့ဒီချောင်းကို.ဖြတ်ရမယ်.လာ.ရှေ့ကသွားစမ်း ..ဗိုလ်မိုးသီး၏ အမိန့်ပေးသံ..နှင့်အတူ. တပည့်များက.. […]