
အလွယ်ကူဆုံး ကြို့ထိုးပျောက်စေတဲ့နည်း
ကြို့ထိုးတာဟာ လူတိုင်းသိတဲ့ အရာတစ်ခုဖြစ်ပါတယ်။
ရောဂါကြီးမဟုတ်ပေမယ့် ထိုးတဲ့အခါ နေရထိုင်ရခက် ကသိကအောက်ဖြစ်ရပါတယ်။
အစာတွေခပ်မြန်မြန်စားမိတာ ၊ အစပ်တွေလို ကိုယ်မစားနိုင်တဲ့ဟာတွေကို စားမိတာ နဲ့ အခြားအကြောင်းအရာတချို့ကြောင့် ကြိုးထိုးတာဖြစ်တတ်ပါတယ်။
ဒီလိုဖြစ်တဲ့အခါမှာ နည်းမျိုးစုံနဲ့ ကုသကြပါတယ်။
ရေများများသောက်ခိုင်းတာ ၊ ထမင်းလုံးဝါးခိုင်းတာ ၊ စိတ်ဆိုးအောင်လန့်အောင်လုပ်တာ ၊ မြေပဲစားခိုင်းစာ စသဖြင့်နည်းမျိုးစုံနဲ့ လုပ်ကြပါတယ်။
တချို့ကြို့တွေက ခဏနေရင် သူ့အလိုလိုပျောက်သွားတတ်ပေမယ့် တချို့တလေကျတော့ ရှားပါးစွာနဲ့ ရက်ချီပြီး ထိုးတာတွေဖြစ်တတ်ပါတယ်။
သုတဇုန် မိတ်ဆွေများအတွက် တစ်သက်လုံးသုံးလာတဲ့ နည်းလမ်းလွယ်လွယ်လေးတစ်ခုကို ပေးချင်ပါတယ်။
တွေ့သမျှလူတိုင်းလည်း ဒီနည်းနဲ့ ပျောက်ပါတယ်။
မယုံပါဘူးဆိုတဲ့သူတွေတောင် ချက်ချင်းပျောက်ပါတယ်။
ကျွန်တော်က အစပ်နည်းနည်းစားမိရင် ကြို့ထိုးတတ်ပါတယ်။
ဒီနည်းနဲ့ လုပ်ရင် ချက်ချင်းပျောက်ပါတယ်။
ကျွန်တော့်အဖေသင်ပေးခဲ့တဲ့နည်းပါ။
ဒီနေရာမှာ ဘာဆေးမှ မလိုပါဘူး။
လွယ်လွန်းလို့တောင်ခက်နေမှာပါ ။
နည်းလမ်းကတော့-
“သောက်ရေ တစ်ငုံကို ငုံလိုက်ပါ။
ငုံပြီးရင် နားနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ တင်းတင်းပိတ်ပါ။
မျက်လုံးစုံမှိတ်ထားပါ။
အသက်အောင့််ပြီး ၁ ကနေ ၇ အထိရေလိုက်ပါ။
ရေပြီးတာနဲ့ ငုံထားတဲ့ရေကို မျိုချလိုက်ပါ။
ကြို့ထိုးတာချက်ချင်းပျောက်သွားပါပြီ : ) ”
လွယ်လွန်းလို့ အထင်တော့မသေးနဲ့နော် လက်တွေ့နော်..။
ထိုးတဲ့အခါ ချက်ချင်းပျောက်အောင်ကုနိုင်ဖို့ ဒါမှမဟုတ်လည်း အခြားကြို့ထိုးတဲ့သူကို ကူညီဖို့ ဒီနည်းလေးကို သေသေချာချာမှတ်ထားလိုက်ပေတော့