
အကောင်းမြင်စိတ် ဆိုသည်မှာ
နာမည်ကြီး စာရေးဆရာတစ်ယောက်ဟာ သူအခန်းထဲဝင်လာတယ်။
ပြီးတော့ ခုံမှာထိုင်ပြီး စာစရေးတယ်။
..
ပြီးခဲ့တဲ့နှစ်က ဆီးကျောက်တည်လို့ ခွဲထုတ်ခဲ့ရတယ်။
ဒီခွဲစိတ်မှုကြောင့် အိပ်ယာထဲမှာ အချိန်အကြာကြီးနေခဲ့ရတယ်။
အဲဒီနှစ်မှာပဲ ငါ အသက် ၆၀ ပြည့်တယ် ၊ ပင်စင်ယူလိုက်ရတယ် ၊ နှစ်ပေါင်းများစွာလုပ်လာတဲ့ စာအုပ်ကုမ္ပဏီကအလုပ်ကို စွန့်လွှတ်ခဲ့ရပြီ။
အဲဒီနှစ်မှာပဲ အဖေဆုံးသွားလို့ ငါပူဆွေးခဲ့ရသေးတယ်။
အဲဒီနှစ်မှာပဲ ငါ့သား စာမေးပွဲမဖြေနိုင်ပဲ ကျခဲ့ပြန်တယ် ။
သူ ကားမတော်တဆမှုဖြစ်လို့လေ ၊ သူလည်း ဆေးရုံရက်ပေါင်းများစွာ တက်လိုက်ရသလို ကားလည်း ရစရာ မရှိအောင်ပျက်စီးသွားခဲ့ရတယ်။
နောက်ဆုံးအနေနဲ့ တစ်ကြောင်းထပ်ရေးတယ်။-
ဒီနှစ်လောက် ဆိုးရွားတဲ့နှစ် ရှိဦးမလား…
———————————————–
စာရေးဆရာ စာရေးပြီးထသွားတော့ အဲဒီအခန်းထဲကို ဇနီးဖြစ်သူ ဝင်လာတယ်။
စာရေးဆရာရေးထားတဲ့ စာကိုတွေ့သွားတယ်။
အဲဒီတော့ ဇနီးက အောက်ကနေဆက်ရေးတယ်။
ပြီးခဲ့တဲ့နှစ်က ဆီးကျောက်တည်တာကို ခွဲထုတ်လိုက်နိုင်တဲ့အတွက် နာကျင်မှုတွေသက်သာပြီး နေလို့ကောင်းသွားတယ်။
အဲဒီနှစ်မှာပဲ အသက် ၆၀ပြည့်လို့ အလုပ်ကနေ ငါအနားယူလိုက်တယ်။
အခုငါလွတ်လပ်သွားပြီလေ ။
ငါရေးချင်တဲ့အကြောင်းအရာတွေကို ပိုအာရုံစိုက်ပြီး ရေးနိုင်တော့မယ်။
အဲဒီနှစ်မှာပဲ အဖေဟာ ဆုံးသွားတယ်။
၉၅နှစ် အထိအသက်ရှည်ရှည်ပျော်ပျော်ကြီးနေခဲ့ပြီး နောက်ဆုံးထွက်သက်ကို အေးအေးချမ်းချမ်းထွက်သွားနိုင်ခဲ့တယ်။
အဲဒီနှစ်မှာပဲ ငါ့သားရဲ့ အသက်ကို ကံကောင်းစွာပြန်ရလိုက်တယ်။
ကားပျက်စီးသွားပေမယ့် ငါ့သားမသေပဲ ၊ ဒုက္ခိတမဖြစ်ပဲ ကောင်းကောင်းမွန်မွန်အသက်ရှင်ခွင့်ရသွားတာ
ဘယ်လောက်ကံကောင်းလိုက်သလဲ..
နောက်ဆုံးတစ်ကြောင်းထပ်ရေးတယ်-
ဒီနှစ်ဟာ ငါ့ရဲ့အကောင်းဆုံးနှစ်တွေထဲက တစ်နှစ်ပါလား..
—————————-
လူတိုင်းလူတိုင်း နေ့တိုင်းမှာ အကောင်းအဆိုးဖြစ်ရပ်မျိုးစုံကို ကြုံကြရပါတယ်။
ဒီလိုအခါမျိုးမှာ ကျွန်တော်တို့အများစုဟာ ဖြစ်သမျှအကြောင်းတွေအပေါ် အဆိုးဘက်ကပဲတွေးလေ့ ရှိကြတာများပါတယ်။
ဒါကြောင့်လည်း ကျွန်တော်တို့ ကောင်းကောင်းမပျော်ကြရတာပေါ့။
အနည်းငယ်သော လူတွေကတော့ ဖြစ်ရပ်တွေထဲက သင်ခန်းစာယူသင့်တာ ၊ ကောင်းတာတွေကို မြင်တတ်တွေးတတ်ကြပြီး စိတ်ချမ်းသာကြတယ်။
ဒါကြောင့် စိတ်ချမ်းသာချင်သလား…အကောင်းမြင်စိတ်ကိုမွေးမြူလိုက်ပါ …
သုတဇုန်