
သဲကန္တာရအလယ်က ဆန်းကြယ်သောရေကန်များ
The Badain Jaran သဲကန္တာရဟာ တရုတ်နိုင်ငံ နဲ့ မွန်ဂိုးလီးယားနိုင်ငံအတွင်းပိုင်းအထိ ဆက်စပ်တည်ရှိနေပြီး အကျယ်အဝန်းအားဖြင့်(၄၉၀၀၀) စတုရန်းကီလိုမီတာ ကျယ်ပြန့်ပါတယ်။
တရုတ်နိုင်ငံအတွင်းမှာတော့ တတိယမြောက်အကြီးဆုံး သဲကန္တာရဖြစ်ပြီး ရှေးယခင်ကတော့ တရုတ်နိုင်ငံတစ်နိုင်ငံလုံးကို သိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့တဲ့ မွန်ဂိုလူမျိုးနွယ်တွေ စတင်ကျင်လည်ကျက်စားရာဒေသ ဖြစ်ခဲ့ပါတယ်။
ယခုအချိန်မှာတော့လူနေထိုင်မှုမရှိတော့တဲ့ တရုတ်နိုင်ငံပြင်ပ ဒေသတစ်ခုလိုဖြစ်နေပေမဲ့ ဒီအရပ်ဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးသော သဲကန္တာရ တောင်ပို့တွေရှိတဲ့နေရာအဖြစ် လူသိများပါတယ်။
The Badain Jaran သဲကန္တာရအတွင်းမှာရှိတဲ့ အချို့သော တောင် ပို့တွေဆိုရင် (၅၀၀)မီတာထက် ပိုတဲ့ အမြင့်ပေရှိပါတယ်။
The Badain Jaran သဲကန္တာရဒေသဟာ မိုးခေါင်တဲ့ရာသီဥတုကို ပိုင်ဆိုင်ထားပြီး နှစ်စဉ်မိုးရွာသွန်းတဲ့ မိုးရေ ချိန်ဟာ (၅၀ ကနေ ၆၀ mm) အထိသာရှိပါတယ်။
အဝေးဒေသတွေကနေ ရေငွေ့ပျံ လာတဲ့ ရေခိုးရေငွေ့တွေကြောင့် တစ်နှစ်မှာအကြိမ်(၄၀)ကနေ(၈၀)ကြားလောက်တော့ မိုးရွာသွန်းလေ့ရှိပါတယ်။
The Badain Jaran သဲကန္တာရဒေသဟာ အလွန်ခြောက်သွေ့တဲ့ရာသီဥတုကို ပိုင်ဆိုင် ထားပေမဲ့ ဒီဒေသရဲ့ထူးခြားတဲ့ ဝိသေသကတော့ အလွန်လှပတဲ့ ရေကန်ငယ်(၁၄၀) လောက်ကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။
ဒီရေကန်တွေဟာ အရွယ်အစား၊ပုံသဏ္ဍာန် မျိုးစုံနဲ့ သဲကန္တာရတောင်ပို့တွေရဲ့ အကြားမှာတည်ရှိနေတာဖြစ်ပါတယ်။
ဒီလိုပူပြင်း ခြောက်သွေ့တဲ့ဒေသမှာ ဥတုသုံးပါးစလုံး ထူးထူးခြားခြားတည်ရှိနေတဲ့ ရေကန်တွေ ကြောင့် The Badain Jaran သဲကန္တာရဒေသဟာ ကမ္ဘာပေါ်မှာထင်ရှားပြီး ဒီရေကန် တွေကိုတော့ မွန်ဂိုလီးယန်းဘာသာစကားနဲ့ ထူးဆန်းတဲ့ရေကန်များ(Mysterious Lakes)တွေလို့ ခေါ်ဆိုကြပါတယ်။
Mysterious Lakesတွေဟာ မြေအောက်စမ်းရေတွေကြောင့်ဖြစ်ပေါ်လာပြီး အဲဒီစမ်းတွေဟာ မြေအောက်မှာရှိတဲ့ ကျောက်သားထုအလွှာတွေ အတွင်းမှာ ဖြတ်သန်း စီးဆင်းလေ့ရှိကြပါတယ်။
မြေပြင်ထက်ပေများစွာအမြင့်ရှိတဲ့ သဲကန္တာရ တောင်ပို့အ ကြားမှာတော့ မြေအောက်ရေစီးကြောင်းဟာ ဖြတ်သန်းစီးဆင်းတဲ့ အတွက် The Badain Jaran သဲကန္တာရဒေသ တစ်ခုလုံးရဲ့ တောင်ပို့နေရာအများစုမှာ ရေကန်ငယ် များစွာဖြစ်ပေါ်လာရပါတယ်။
မြေလွှာအောက်ကို ဖြတ်သန်းစီးဆင်းလာတဲ့ စမ်းရေစီး ကြောင်းဟာ သဲကန္တာရတောင်ပို့ တွေရဲ့အကြားမှာ ရပ်တန့်သွားတဲ့သဘောပါ။
ဒါအပြင် ရံဖန်ရံခါ သည်းထန်စွာရွာသွန်းတဲ့ မိုးရေနဲ့ ထူထပ်စွာကျဆင်းလေ့ရှိတဲ့ နှင်းရည်တွေ ဟာတောင်စောင်းတစ်လျှောက်ကနေ အဲဒီရေကန်ငယ်တွေထဲ ကျဆင်းတာကြောင့် ရေပမာဏပေါများစွာ ရှိနေတာကို တွေ့ရပါတယ်။
မြေအောက်စမ်းတွေဟာ ရေချို၊ရေသန့်တွေကိုသာ သယ်ဆောင်ပြီး ကန်ငယ်များအတွင်းပုံမှန်ထုတ်လွှတ်လေ့ ရှိပေမဲ့ ရေကန်ငယ်အများစုကတော့ ဆားငန်ဓာက် ပါဝင်မှု များနေတာကိုတွေ့ရပါတယ်။
ဒါဟာ Badain Jaranဒေသရဲ့ ပြင်းထန်တဲ့အပူချိန်ကြောင့် ရေငွေ့ပျံနှုန်းအလွန်များတာကြောင့် ဖြစ်ပါတယ်။
အချို့ရေကန်တွေရဲ့ အရောင်ဟာ လည်းကွဲပြားမှုတွေရှိနေပြီး ဒါကလည်း ကန်ငယ်အတွင်းမှာတည်ရှိတဲ့ ရေညိုတွေအပြင် သဘာဝအရ ဖြစ်ပေါ်တဲ့ စွန့်ပစ် ပစ္စည်းအချို့ကြောင့်ဖြစ်ပါတယ်။
အဲဒီရေကန်ငယ်တွေ မှာ ရေငန်ပုစွန်စိတ်ငယ်တွေနဲ့ အခြားသော ရေငန်ထွက်ပစ္စည်းတွေကို တွေ့မြင်နိုင်ပါ တယ်။
ရေငွေ့ပြန်နှုန်း အလွန်များတဲ့ အကျိုးဆက်အနေနဲ့ ရေကန်ငယ်အများစုရဲ့ ကန်နှုတ်ခမ်းတွေဟာ ဆားဓာက်နဲ့ အတူ အလွန်မာကျောစွာ တည်ရှိနေပါတယ်။
Badain Jaranဒေသမှာရှိတဲ့ အနည်းငယ်သောရေချိုကန်တွေကတော့ ကန္တာရ အိုအေစစ် ပမာဖြစ်နေပြီး ရှေးယခင်ကာလတုန်းကတောင် လူသားတွေအသုံးပြုရာနေရာတွေ ဖြစ်ခဲ့ပါတယ်။
ယနေ့အချိန်မှာတော့ ဒေသခံအချို့ရဲ့ ဆိတ်၊ကုလားအုတ်၊ မြင်းအစရှိတဲ့ သတ္တဝါတွေအတွက် ရေကြည်ရာ၊မြက်နုရာဒေသအဖြစ် တည်ရှိနေပါတယ်။
ရေချိုကန်အများစုရဲ့ ဧရိယာတစ်ဝိုက်မှာ စိမ်းလန်းတဲ့ မြက်ပင်များ ပေါက်ရောက်ရှင်သန် လျက်ရှိကြပြီး စားပင်၊သောက်ပင်တွေကိုတောင် ရှေးအခါက အကြောင်းအမျိုးမျိုးကြောင့် Badain Jaranအရပ်ကို ရောက်ရှိလာသူတွေက စိုက်ပျိုး အောင်မြင်ခဲ့ကြဖူးပါတယ်။
ကာလအတန်ကြာအောင် လူအစုအဝေးလိုက် နေထိုင်ခဲ့ကြ ပြီး စည်းကမ်းမဲ့ စွန့်ပစ်ပစ္စည်းစွန့်ပစ်မှုတွေကြောင့် ကန္တာရဒေသရဲ့ အိုအေစစ်ရေကန် ငယ်အများအပြား ပျက်ဆီးသွားခဲ့ဖူးပါတယ်။
ကျန်ခဲ့တဲ့ ဆယ်စုနှစ်ကာလအတွင်းမှာတော့ Badain Jaranဒေသမှာတည်ရှိတဲ့ ရေကန်ငယ်အချို့ဟာ တိမ်ကောလာခဲ့ပြီး အချို့ဆို ပျောက်ကွယ်သွားရတဲ့ အထိတောင် ဖြစ်ခဲ့ရပါတယ်။
ဒါကလည်း ကန်ငယ်အတွင်းကို မလိုလားအပ်တဲ့ စွန့်ပစ်ပစ္စည်း များစွာစုပုံရောက်ရှိခြင်းနဲ့ Badain Jaran ဒေသ ပတ်ဝန်းကျင်မှာ မြို့များ အစီအရီ ထူထောင်ခဲ့တဲ့ တရုတ်အစိုးရရဲ့ အစီစဉ်တွေကြောင့်ဖြစ်ပြီး Badain Jaranဒေသကို ဦးတည်စီးဆင်းတဲ့ မြေအောက်စမ်းများစွာရဲ့ လမ်းကြောင်းကို သက်ဆိုင်ရာ ဒေသအသီး သီးကို အတွက်ထိန်းချုပ်ရယူခဲ့ တာကြောင့်ဖြစ်ပါတယ်။
VIDEO
https://www.facebook.com/dakarserieschinarally/